ချင်းရန်ပုံငွေအဖွဲ့ အကြောင်းအကျဥ်း


အပြည်ပြည်ဆိုင်ရာ ကန်ပက်လက်ကွန်ယက် (International Kanpetlet Network - IKN) မှ Digital Based Lucky Draw Program ကို စတင်မိတ်ဆက်ခြင်းမှ လှုပ်ရှားမှုစတင်လာခဲ့သည်။ လှုပ်ရှားမှု ပထမဆုံးခြေလှမ်းအဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ပြည်တွင်းပြည်ပချင်းအဖွဲအစည်းများနှင့် တက်ကြွလှုပ်ရှား သူများ Zoom မှတဆင့် တွေ့ဆုံမှုများပြုလုပ်ပြီး Chin Revolution Funding Program ဖြစ်မြောက်ရေး ကော်မတီကို စတင်ဖွဲစည်းနိုင်ခဲ့သည်။ 

ထိုအပြင် အကောင်အထည်ဖော်မည့် လုပ်ငန်းအဖြစ် Digital Lucky Draw အစား “တူမီးထီ” (Chin Digital Lottery) လုပ်ငန်းကို အကောင်အထည်ဖော်ရန် အစည်းအဝေးတွင်ပါဝင်များ အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။ ဖြစ်မြောက်ရေးကော်မတီသည် လုပ်ငန်းများကောင်းမွန်စွာ အကောင်အထည်ဖော် လည်ပတ်နိုင်ရန် လိုအပ်သည့် 

  • မူဝါဒများရေးဆွဲ ချမှတ်ခြင်း၊ 
  • Chinland Joint Defense Committee နှင့် Interim Chin National Consultative Council တို့ထံသို့ အဖွဲ့လုပ်ဆောင်ချက်များ အလွတ်သဘောတင်ပြဆွေးနွေးခြင်း အပါအဝင် 
  • ပညာရှင်များ၏ အမြင်သဘောထားရယူခြင်းများ လုပ်ဆောင်ခဲ့သည်။ 

ထိုနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီရွေးကောက်ပွဲကျင်းပ၍ Chin Revolution Funding Program အမည်ဖြင့် တရားဝင်ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့အစည်းတရားဝင် ဖွဲ့စည်းပြီး 

  • ဖွဲ့စည်းပုံအတည်ပြုခြင်း၊ 
  • လုပ်ငန်းအတွက် Guideline များရေးဆွဲအတည်ပြုခြင်းများပြုလုပ်ခြင်း၊ 
  • နိုင်ငံတကာတွင်ရှိသော ချင်းအဖွဲအစည်းများနှင့် တွေ့ဆုံခြင်း၊ 
  • NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနနှင့် တွေ့ဆုံခြင်း၊ 
  • CRPH မှ တာဝန်ရှိကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများပြုလုပ်ပြီး အကြံပြုချက်နှင့် လမ်းညွှန်မှုရယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးမှုများ၏ အကြံပြုချက်များ အရ အဖွဲ၏အမည်နာမဟောင်းဖြစ်သော ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့ - Chin Revolution Funding Program ကို ချင်းရန်ပုံငွေအဖွဲ့ - Chin Relief Funding Program အဖြစ် ဧပြီလ (၄) ရက်နေ့တွင် ပြောင်းလဲခဲ့ပါသည်။ ချင်းရန်ပုံငွေအဖွဲ့ - Chin Relief Funding Program ၏ ပထမဆုံး စီမံကိန်းဖြစ်သည့် “တူမီးထီ” (Chin Digital Lottery) အစီအစဥ (htts://chin-lottery.com) ကို ဧပြီလ (၁၁)နေ့တွင် စတင်ဖွင့်လှစ်ရောင်းချ လျှက်ရှိပါသည်။


  • ချင်းပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်သော နွားနောက်တစ်ကောင်၏ ပုံသဏ္ဍာန်ဖြင့် ပုံဖော်ထားသည်။ စစ်ကောင်စီ၏ ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများ၌ နွားနောက်များ သတ်စားခြင်းအပါအဝင် ချင်းပြည်သူလူထု ပိုင်ဆိုင်သော အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို မမေ့အပ်ဘဲ သွေးကြွေးပြန်ဆပ်နိုင်ရန် ရည်ညွှန်းသည်။
  • သုံးရောင်ခြယ်မျဉ်းသုံးကြောင်းသည် မြန်မာ့နွေဦးတော်လှန်ရေး၏ သင်္ကေတ ဖြစ်သည့် လက်သုံးချောင်အမှတ်အသားအား ကိုယ်စားပြုသည်။
  • အပြာ၊အနီနှင့်အစိမ်းရောင်မှာ ချင်းအလံအား ကိုယ်စားပြုထားပြီး ချင်းတိုင်း ရင်းသားမျိုးနွယ်စုအားလုံးအတွက် အကျိုးပြုရန် ရည်ညွှန်းသည်။

  • CRFP သည် ချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို အခြေခံသည်။
  • CRFP သည် မတူကွဲပြားမှုကို အခြေခံပြီး စုပေါင်းခေါင်းဆောင်မှုနှင့် အပြန်အလှန် လေးစားမှုကို အစဉ်အလေးထားသည်။
  • CRFP သည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု အပြည့်အဝ ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည်။
  • CRFP သည် ကိုယ်ကျိုးခံစားခွင့်မယူသော လုပ်အားပေးစနစ်ဖြင့် လှုပ်ရှား ဆောင်ရွက်သည်။
  • CRFP သည် တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုလျှက် ဘုံရည်မှန်းချက် တူညီသည့် အခြားမည်သည့် အဖွဲ့အစည်းမျာနှင့်မဆို လိုအပ်သလို ပူးပေါင်း လုပ်ဆောင်မည်။
  • CRFP သည် မိမိအဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကံစမ်းမဲ (ထီ)ဝယ်ယူ အားပေးသူအသီးသီးတို့၏ လုံခြုံရေးကို အထူး ဂရုပြု အလေးထားသည်။

  • စစ်အာဏာရှင်စနစ်တော်လှန်ဖြုတ်ချရေးအားအထောက်အကူပြုရန်၊
  • တော်လှန်ရေးအလွန်ကာလတွင် ဒေသတွင်းပြန်လည်ထူထောင်ရေး ကဏ္ဍများ၌ ပါဝင်လုပ်ဆောင်နိုင်ရန် နှင့်
  • ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရန်။

  • ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကိုအခြေခံကာ တော်လှန်ရေး အင်အားစုများအတွက် လိုအပ်သောရန်ပုံငွေကို အားဖြည့်ကူညီခြင်း ဖြင့် တော်လှန်ရေး မြန်ဆန်စွာ အောင်မြင်နိုင်စေရန်။ 

  • ချင်းအမျိုးသားတော်လှန်ရေးအတွက် စုပေါင်းအားဖြင့် ဘဏ္ဍာငွေ ရှာဖွေနိုင်သည့်နည်းစနစ်များ ဖော်ဆောင်လျှက် ရန်ပုံငွေ ရှာဖွေရန်။
  • ချင်းလူမျိုးမဟုတ်သော မည်သည့်လူမျိုးမဆို ချင်းအမျိုးသား တော်လှန်ရေးအတွက် အားဖြည့်ကူညီနိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်နိုင်ရန်။
  • ချင်းတော်လှန်ရေး အင်အားစုများ၏ ဘဏ္ဍာရေးလိုအပ်ချက် ကွက်လပ်အား နောက်တန်းမှ အစွမ်းကုန် ဖြည့်ဆည်းပေးနိုင်ရန်။