NUG Bond for Chin အရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်ခြင်း

ချင်းပြည်အတွင်း တော်လှန် ရေးအရှိန်တင်နိုင်ဖို NUG Bond for Chin စတင် ရောင်းချနိုင်ဖို နိုင်ငံအသီးသီးမှာရှိ သော အဖွဲအစည်းများ Agent လျှောက်လွှာ တင်နိုင်ပါပြီ။ NUG Bond for Chin ရောင်းရ ငွေ အားလုံးသည် ချင်းပြည်အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ဒါ ကြောင့် NUG bond for Chin များများ ရောင်းနိုင်ပါက လက်ရှိ ချင်းပြည်အတွင်း တော်လှန် ရေးအင်အားစုများအတွက် လိုအပ် သော ဘဏ္ဍ ငွေများစွာကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ ကြောင့် အောက်ပါအချက်များကို တာဝန်ယူနိုင်သည့် အဖွဲအစည်းတိုင်း အ ရောင်းကိုယ်စားလှယ်(Agent)လျှောက်လွှာကို ဇွန်လ ၂၀ ရက် နေ့ နောက်ဆုံး တင်သွင်းနိုင်ကြပါသည်။

လိုက်နာရန်သတ်မှတ်ချက်များ

၁။ ငွေတိုက်စာချုပ်ဝယ်သူများထံမှ ပေးသွင်းသည့် ရောင်းရငွေများကို လက်ခံယူရပါမည်။

၂။ ငွေတိုက်စာချုပ်ဝယ်သူများထံမှ ပေးသွင်းသည့် ငွေများကို မိမိတို ဘဏ်အကောင့်ကို အသုံးပြု၍ လက်ခံထိန်းသိမ်းထားရမည်။

၃။ ငွေလက်ခံရရှိပြီးနောက် ငွေတိုက်စာချုပ်ဝယ်သူများထံသို Agent Order ID နှင့် Bond Order ပြေစာများ ထုတ်ပေးရပါမည်။

၄။ ငွေတိုက်စာချုပ်ရောင်းရငွေစာရင်းများ၊ ငွေပေးချေမှုအထာက်အထားများနှင့် ရောင်းရငွေများကို CRFP ထံသို အပ်နှံရမည်။

၅။ CRFP မှ တစ်ပတ်တစ်ကြိမ် ကျင်းပသည့် ပုံမှန်အစည်းအဝေးများကို တက်ရောက်နိုင်ရမည်။

လျှောက်ထားရန်ကာလ - ( ၂၀၊၅၊၂၀၂၂) မှ (၂၀၊၆၊၂၀၂၂) အထိ။