ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြု (CRCH) နှင့်တွေ့ဆုံဆွေးနွေး

CRFP ၏ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH ) နှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်အား ၂၀၂၂ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) ကော်မတီဝင် (၄) ဦး တက်ရောက်ခဲ့ကြပြီး ရန်ပုံငွေရှာဖွေရေး လုပ်ငန်းအစီအစဉ်များအား တင်ပြဆွေးနွေးခြင်း၊ ပေါ်ပေါက်လာနိုင်သည့် အခက်အခဲ စိန်ခေါ်မှုများအတွက် နည်းလမ်းများ တိုင်ပင်ခြင်းနှင့် ထိရောက်မြန်ဆန်စွာ လုပ်ငန်းအကောင် အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်နိုင်ခဲ့ကြပါသည်။

အကြံဉာဏ်လမ်းညွှန်မှုများနှင့်တကွ တွေ့ဆုံဆွေးနွေးပေးပါသော ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကော်မတီဝင်များအား CRFP က ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။