စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် တွေ့ဆုံဆွေးနွေး

CRFP ၏ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ NUG၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတစ်ရပ်အား ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

CRFP ၏ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းအစီအစဉ်များအား တင်ပြဆွေးနွေးခြင်း၊ ပေါ်ပေါက်လာနိုင်သည့် အခက်အခဲ စိန်ခေါ်မှုများအတွက် နည်းလမ်းများ တိုင်ပင်ခြင်းနှင့် ထိရောက်မြန်ဆန်စွာ လုပ်ငန်းအကောင် အထည်ဖော်ဆောင်နိုင်ရေးတို့အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်နိုင်ခဲ့ကြပါသည်။

အကြံဉာဏ်လမ်းညွှန်မှုများနှင့်တကွ တွေ့ဆုံဆွေးနွေးပေးပါသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒု-ဝန်ကြီးတို့အား CRFP က ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။