CRFP ၏ မူဝါဒ မိတ်ဆက်အစည်းအဝေး (Europe)

ဥရောပရှိ ချင်းလူမှုအဖွဲအစည်းများ၊ ဘာသာရေးအဖွဲအစည်းများ၊ အထူးဧည့်သည်တော်များ၊ ပညာရှင်များနှင့် CRFP တို တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ချင်းအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလပညာရှင်များတက်ရောက်ခဲ့ကြပြီး CRFP အကြောင်း မိတ်ဆက်ခြင်း၊ ရှေ့ဆက်လုပ်ငန်းများ ဆွေးနွေးဖလှယ်ခြင်း၊ အကြံဥာဏ်များမျှဝေခြင်းနှင့် ရှေ့ဆက်လက်တွဲလုပ်ဆောင်နိုင်မည့် နည်းလမ်းများ အကြံပြုချက်များကို အချိန်ပေးဆွေးနွေးခဲ့ကြပါသည်။

ယခုကဲ့သို့ နိုင်ငံတကာရှိ ချင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် Asia, Europe, North America နှင့် Australia-New Zealand ဟူ၍ Region (၄) ခုခွဲထားပြီး ကျန်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

အစည်းအဝေးတွင် ပါဝင်ပေးကြသည့် အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။