CRFP ၏ မူဝါဒ မိတ်ဆက်အစည်းအဝေး (Australia & New Zealand)

Australia & New Zealand ရှိ ချင်းလူမှုအဖွဲအစည်းများ နှင့် CRFP တို တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် CRFP အကြောင်း မိတ်ဆက်ခြင်း၊ ရှေ့ဆက်လုပ်ငန်းများ ဆွေးနွေးဖလှယ်ခြင်း၊ အကြံဥာဏ်များမျှဝေခြင်းနှင့် ရှေ့ဆက်လက်တွဲလုပ်ဆောင်နိုင်မည့် နည်းလမ်းများ အကြံပြုချက်များကို အချိန်ပေးဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ပါဝင်ပေးကြသည့် အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ဆွေးနွေးအကြံပြုချက်များအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

CRFP သည် Asia ဒေသရှိ ချင်းအဖွဲ့အစည်းများ၊ North America ဒေသရှိ ချင်းအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။