CRFP ၏ မူဝါဒ မိတ်ဆက်အစည်းအဝေး (Asia)

အာရှဒေသရှိ ချင်းလူမှုအဖွဲအစည်းများ၊ ဘာသာရေးအဖွဲအစည်းများ၊ အထူးဧည့်သည်တော်များ၊ ပညာရှင်များ၊ ကျောင်းသားများနှင့် CRFP တို တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ CRFP ၏ ပထမခြေလှမ်းအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အစည်းအဝေးတွင် CRFP အကြောင်း မိတ်ဆက်ခြင်း၊ ရှေ့ဆက်လုပ်ငန်းများ ဆွေးနွေးဖလှယ်ခြင်း၊ အကြံပေးအဖွဲနှင့် မဟာမိတ်အဖွဲများတွင် ပါဝင်အားဖြည့်ပေးနိုင်ရန် ဖိတ်ခေါ်ခြင်းတိုကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မလေးရှား၊ ကိုးရီးယား၊ ဂျပန်၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟောင်ကောင် နှင့် စင်ကာပူ နိုင်ငံအခြေစိုက်သည့် ချင်းအဖွဲအစည်းကိုယ်စားလှယ်များ၊ ပညာရှင်များ တက်ရောက်ပြီး တန်ဖိုးရှိလှသည့် အကြံဥာဏ်များမျှဝေခြင်းနှင့် ရှေ့ဆက်လက်တွဲလုပ်ဆောင်နိုင်မည့် နည်းလမ်းများ အကြံပြုဆွေးနွေးခြင်းများကို အချိန်ပေးဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ပါဝင်ပေးကြသည့် အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များအပေါ် အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။